![]() | Cool Slideshows |
1G ကို 41000 ကျပ်နဲ့ဖြတ်ပြီး ၊ ( မြန်မြန်မှစိတ်ချရမယ်)
"7 Internet" 236(4/C) ၊ ရတနာလမ်း ၊ မြေနီကုန်း ၊ ( digital classes အပေါ် ) ph:500457



တချိန်က နာမည်ကြီးခဲ့တဲ့ Kingston memory stick တွေ ယနေ့မှာတော့ ဈေးကတော့ မြင်တဲ့အတိုင်းပဲဗျို့ ။ Kingston နဲ့ပတ်သက်လို့ မှတ်မှတ်ရရ ရှိသေးတယ်။ 2004 တုန်းက memory stick တွေစပြီးတွင်ကျယ်ခါစက ...128 ကို 80000 ကျပ် ၊ ဒီလိုနဲ့ 2005 လောက်မှာ မန္တလေးရောက်တော့ 256 ကို 30000 နဲ့တန်လိုက်တာဆိုပြီး ၀ယ်လိုက်တယ် ၊ ဘာပြောကောင်းမတုန်း 2 ပတ်နဲ့ (လက်ထဲကလွှတ်ကျတော့)Gone ရော.....ဟဲဟဲ warrenty ရှိတော့ ပြန်တော့ရတယ် ၊ ( 2 လလောက်စောင့်ပြီးမှ )!!!! ပျော်မဆုံးပါဘူး အဲဒီချိန် ကျွန်တော်က ရန်ကုန်ပြန်ရောက်နေလို့ ရွေမန်းက သယ်ချင်းတွေ သုံးပြီးလောက်မှ ကိုယ့်ဆီပြန်ရောက်တာ ၊ 2 ပတ်လောက်ပါပဲ ပျောက်ရော ( ကားပေါ်မှာ ) ။ ဒါနဲ့စိတ်နာနာနဲ့ ဈေးအကျကို ထပ်စောင့်လိုက်တာ 512 ကို 25000 နဲ့ဝယ်သေးတယ် ( ယောင်္ကျားတို့ ဇွဲ သေခါမှ လျှော့မယ်ပေါ့ ) ၊ အခုတော့ ၊ အခုတော့........ ( 1:usb connector, 2:mass storage controller drive , 3:test point , 4:memory chip , 5:oscillator , 6:LED , 7:write protect , 8:space for second memory chip )
Sony Walkman , Disc Man ၊ အခုတော့ mp3/mp4 ခေတ်ကို ရောက်လာပြီး၊ portable music player ရဲ့ နေရာကို အစားထိုးလာတယ်။ ဒီချိန်မှာကိုယ်က tape တို့ cd တို့နဲ့ဆိုရင် undate ကြီးပေါ့ ( ရန်ကုန်မှာနော် )၊ အဓိက ကတော့ computer ခေတ်ကိုရောက်လာပြီး ၊ digitizing power ရလာတာလည်းပါတယ်။ Internet တွင်ကျယ်လာတာလည်းတစ်ကြောင်း၊ audio file တွေကို MPEG-Layer3 (mp3 format) အဖြစ်အလွယ်တကူပြောင်းနိုင်သောကြောင့် mp3 တွေခေတ်စားလာကြတယ်။ နည်းပညာပိုင်းအရ encoding/decoding အပိုင်းတွေမှာ Limitation တွေရှိတာကြောင့် Apple Ipod နဲ့ Sony Zun player တွေမှာသုံးတဲ့ AAC , Vorbis fomat နဲ့ ယှဉ်လိုက်ရင် mp3 တွေဟာ audio quality ပိုင်းမှာ အားနည်းတာကို တွေ့ရတယ်။ သို့သော်လည်း audio file များသာမက data file,recording file များကိုပါ အလွယ်တကူ copy-paste လုပ်နိုင်တာတွေကြောင့် mp3 player တွေကတော့ ခေတ်အတန်ကြာသည်အထိ လူတိုင်းစွဲမက်နေကြမှာပါ။






